ဘလော့လေးဆီ မျက်စိလည် လမ်းမှားပီး လာရောက်ကြတဲ့ သူငယ်ချင်းများအားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆန္ဒပြုလျက်.. **ငှက်ငယ်**

Saturday, April 19, 2014

သမိုင်း


ဘာကိုမှ ပုံသေသတ်မှတ်လို့
မရပဲ ဖြစ်ချင်သလိုဖြစ်နေတဲ့

နေ့ကို အဆုံးသတ်ဖို့
သူမကို ပြောရင်း အဆုံးစာသားလေရဲ့

နောက် ။ လေး ချဖို့
လက်တွေက တွန့်ဆုတ်နေတယ်

ရည်၇ွယ်ချက်တွေချမှတ်လို့
နှစ်သစ်မှာ စိတ်ကူးသစ်တွေနဲ့

 ဖြတ်သန်းတော့မယ်လို့ ဆုံးဖြတ်လိုက်တိုင်း
နောက်ကျော်မှာ ဒဏ်ရာတွေသာ

ထပ်ထပ်လာတယ်
တကယ်တော့ သူမကို ချစ်မိခဲ့တဲ့

ကိုယ့်နှလုံးသားကို ရာသစ်ပန်
အကျင်းချလိုက်ချင်တော့တယ်

ဘ၀မှာ အချစ်ဆိုတာ
စိတ်ကူးယဉ် သက်သက်လို့

ထင်နေမိတဲ့ ကျနော့်ကို
သူမက စစ်မှန်တဲ့ အချစ်ရဲ့

စွမ်းအားသတ္တိနဲ့
ဖျက်စီးပစ်လိုက်တယ်

တကယ်တော့သူမချစ်တာ သူ့ကိုလေ..
မြင်သာမြင် မကျင်ရတဲ့ ဘ၀ဆိုတဲ့ စာသားကို

ဘယ်သူများ စရေးခဲ့လည်း 
မသိဘူး သေချာတာတော့

ဒီစကားလုံးဟာ လူးပေါင်းများစွာကို
ရူးစေနိုင်တယ် ဆိုတာပဲ

သူမဟာ သူနဲ့လုံးဝ မထိုက်တန်မှန်း
သိနေရက်နဲ့ သူမကို တားဖို့

ခုချိန်လုပ်နိုင်တာဆို၇င်
ဘုရားသခင်ထံ ဆုတောင်းဖို့ပဲ  ရှီတော့တယ်

ငါ ကတော့ မင်းရဲ့ စေလိုရာစေပေါ့
မြန်မာ နှစ်တစ်ခုရဲ့ နေ၀င်ခါနီး

မှာ အချစ်ကို တွေ့ရှီခဲ့ပေမဲ့
ငါ့ကမ္ဘာမှာ နောက်ထပ်

နေထွက်ဖို့ အခွင့်ရေး 
မှော်ဆရာသာလျင် သိလိမ့်မယ်ထင်တယ်။

နေသမိုင်း                            

Friday, April 04, 2014

Android ဖုန်းအတွက် လျှိုဝှက်ကုဒ်များ


ကိုအောင်ခမ်း ရေးတဲ့ Android OS အသုံးပြုတဲ့ မိုးဘိုင်းဖုန်းတွေအတွက်
လျှို့ဝှက်ကုဒ် တွေက်ု သိချင်ရင်တော့ ဒီစာအုပ်လေး ဒေါင်းလော့ဆွဲထားလိုက်ပါခင်ဗျာ
တော်တ်ာလေး စုံလင်ပါတယ်။
ဒေါင်းလော့ link > http://www.mediafire.com/view/s67mej6e3tjx8pa/Android%20ဖုန်းရဲ့%20လျှို့ဝှက်%20ကုဒ်များ.pdf