ဘလော့လေးဆီ မျက်စိလည် လမ်းမှားပီး လာရောက်ကြတဲ့ သူငယ်ချင်းများအားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆန္ဒပြုလျက်.. **ငှက်ငယ်**

Wednesday, August 28, 2013

"မာယာများတဲ့ ပင်လယ်"


ဝမ်းရေး အတွက်
ချစ်တဲ့အမိမြေကို စွန့်ခွာခဲ့ရတယ်

ရင်မှာ မျော်လင့်ချက်
ရွက်လှေကြီးနဲ့ပေါ့....!

ဒီလိုနဲ့...
အတ္တကြီးတဲ့

မြို့ပြရဲ့ အစိမ်းရောင် ပင်လယ်
အဟောင်းကြီးထဲမှာ

ငါ့တက်ကို အနိုင်နိုင် ထိန်းရင်း
အချိန်ကာလ တချို့ကို
မောင်းနှင်းလာခဲ့တယ်။

စုတ်ပြတ်ပျက်စီးနေတဲ့
ငါ့ ခြံစီးရိုးတွေ ကာရံနိုင်ဖို့လေ။

ချိုမြိန်တဲ့ မနက်ခင်းတွေကို
စားသုံးဖူးသလို မှောင်မိုက်တဲ့

ညတွေကိုလည်း ပွေ့ဖက်ဖူးပါရဲ့
ခုတော့.....!!

အိုမင်းလာတဲ့ သက္ကရာဇ်တွေနဲ့အတူ
သူရဲ့ အကြောင်းကို ငါအနည်းငယ်

သိခွင့်ရှီလာတယ်။
(ပင်လယ် ဆိုတာ အရမ်းကို မာယာများတယ်နော်)

Sunday, August 25, 2013

ဖတ်ခဲ့ဖူးသော စာများ


တစ်ခုသော မနက်ခင်းမှာ အဖေက ကျမကို ကျမတို့ နေထိုင်တဲ့ မြို့လေးရဲ့ လမ်းဆုံလမ်းခွကို အပေါဆီးက မြင်နိုင်တဲ့ နေရာလေးဆီ ခေါဆောင်သွားလေသည်။
အဲ့ဒီ့နေရာလေးမှာ အဖေက ကျမကို စကားတစ်ခွန်းပြောခဲ့သည်။
ကျမဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ စကား
အခက်အခဲတွေ ရင်ဆိုင်ရတိုင်း အဲ့ဒီင့်္စကားတစ်ခွန်းကြောင့် ကျမ အကြိမ်ကြိမ် ကျော်ဖြတ်နိုင်ခဲ့သည်။
နောင် ဖြတ်သန်းရတဲ့ ဘ၀တလျှာက်လုံးမှာလည်း ဒီစကားက အများကြီး အထောက်အကူပြုတယ်ဆိုတာ ၀န်ခံလိုက်ပါရစေ.
အဖေက အဲ့ဒီ့နေရာလေးမှာ
သမီး လမ်းဆုံလမ်းခွကို မြင်ရဲ့လား? ဟုပ်မြင်ပါတယ် ဖေဖေ
အဲ့ဒီ့ လမ်းဆုံကို ရောက်ဖို့ လမ်းဟာ တစ်လမ်းပဲ ရှီတာလား?
မဟုပ်ပါဘူး ဖေဖေ
တကယ်လို့ လမ်းဆုံကို ရောက်ဖို့ ဒီလမ်းက ပိတ်နေတယ်ဆို နောက်လမ်းသစ်တစ်ခုကကော သွားလို့ မရနိုင်ဘူးလား?
ရနိုင်ပါတယ် ဖေဖေ
အေး အဲ့လိုပဲ သမီးဘ၀မှာလည်း အခက်အခဲတွေ ရင်ဆိုင်ရတိုင်း
လမ်းကြောင်းဟာ တစ်ခုတည်းရှီတာမဟုပ်ပါဘူး ဒီလမ်းက အဆင်မပြေဘူးဆို နောက်လမ်းသစ်တစ်ခုကနေ စဉ်းစားလုပ်ကိုင်လို့ ရတယ် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
ဟုပ်ကဲ့ အယ်လဆာ ရှီယာပရယ်လီ ဆိုတဲ့ ကောင်မလေးကို သူ့အဖေက ပြောခဲ့တဲ့စကားပါ 1896_1973 ခုနှစ်တွေတုန်းက ကမ္ဘာ့ဖက်ရှင်လောကမှာ မသိသူမရှီလောက်အောင် သူ့ရဲ့ဖက်ရှင် ဒီဇိုင်းတွေက အရမ်းကို ခတ်စားခဲ့တာပါ။
သင့်ဘ၀မှာလည်း အခက်အခဲတွေ ရင်ဆိုင်ရတိုင်း စဉ်းစားတွေဝေ စိတ်ပျက်မနေပါနဲ့ နောက်ထပ်နည်းလမ်းသစ်တွေ ရှာကြံပီး ကြိုးစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ.

မူရင်းဘာသာပြန်သူရဲ့စာကို ကျနော့စိတ်ကူးနဲ့ တတ်သလောက် ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်
                                                                                 
<<ငှက်ငယ်>>

Friday, August 16, 2013

အတိတ်တချို့ရဲ့ ငိုကြွေးသံ


ကြွေချိန်တန်လို့
ကြွေကျသွားပေမဲ့..

ဘယ်တော့မှ မမေ့ပါဘူး ....!
ရာသီတွေပြောင်း

နှစ်တွေ ဟောင်းနွမ်းလို့လာလည်း
(......)ရေ ကျနော့ရင်ထဲက

ချစ်ခြင်းတွေ ဘယ်တော့မှ 
မဟောင်းနွမ်းဘူးဆိုတာ ယုံကြည်ပေးပါ

ဟိုး....အဝေး
နယ်မြေသစ်ဆီ စောစီးစွာ

ရွက်လွင့်သွားတဲ့
ဘ၀မှာ အချစ်ရဆုံး၊ယုံကြည်ရဆုံး၊

(......)ကို
ဒီဘ၀ တင်မဟုပ်ဖူး

နောင် ဘ၀ဆက်ဆက်တိုင် ဆုံဆည်းခွင့်
ရရပါစေလို့ ကျနောတောင်းဆုပြုပါတယ်

ချစ်သော(.....)ကြားနိုင်ပါစေ..
                         
                         **ငှက်ငယ်**

Sunday, August 11, 2013

ရှီတာအကုန်ပေးတာတောင် လုပ်ရက်တယ်နော် အော်...... မိန်းမ မိန်းမ မရှီမကောင်း ရှီမကောင်းပါလား ဂျ

Thursday, August 08, 2013

မိုဘိုင်း မျိုးစုံကို root လုပ်နည်းစာအုပ်လေးပါ..တောတောလေး စုံလင်ပါတယ် ဖတ်ထားတော့ ကိုယ့်ဟာကို လုပ်နိုင်တာပေါ့ဗျာ...

ဒီမှာပါhttp://www.mediafire.com/download

Monday, August 05, 2013