ဝမ်းရေး အတွက်
ချစ်တဲ့အမိမြေကို စွန့်ခွာခဲ့ရတယ်
ရင်မှာ မျော်လင့်ချက်
ရွက်လှေကြီးနဲ့ပေါ့....!
ဒီလိုနဲ့...
အတ္တကြီးတဲ့
မြို့ပြရဲ့ အစိမ်းရောင် ပင်လယ်
အဟောင်းကြီးထဲမှာ
ငါ့တက်ကို အနိုင်နိုင် ထိန်းရင်း
အချိန်ကာလ တချို့ကို
မောင်းနှင်းလာခဲ့တယ်။
စုတ်ပြတ်ပျက်စီးနေတဲ့
ငါ့ ခြံစီးရိုးတွေ ကာရံနိုင်ဖို့လေ။
ချိုမြိန်တဲ့ မနက်ခင်းတွေကို
စားသုံးဖူးသလို မှောင်မိုက်တဲ့
ညတွေကိုလည်း ပွေ့ဖက်ဖူးပါရဲ့
ခုတော့.....!!
အိုမင်းလာတဲ့ သက္ကရာဇ်တွေနဲ့အတူ
သူရဲ့ အကြောင်းကို ငါအနည်းငယ်
သိခွင့်ရှီလာတယ်။
(ပင်လယ် ဆိုတာ အရမ်းကို မာယာများတယ်နော်)
No comments:
Post a Comment