ဘလော့လေးဆီ မျက်စိလည် လမ်းမှားပီး လာရောက်ကြတဲ့ သူငယ်ချင်းများအားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆန္ဒပြုလျက်.. **ငှက်ငယ်**

Friday, December 27, 2013

ဒီဇင်ဘာရဲ့ ထိုင်ခုံလေး


''ဒီဇင်ဘာ (၁)ရက်

အဲ့ဒီ့နေ့က
နှင်းဖွဲလေးတွေ ကျဆင်းနေခဲ့တယ်
ပတ်ဝန်းကျင် တစ်ခုလုံး
နှင်းမြူတွေ အုပ်ဆိုင်းနေပီး
အေးစက်တဲ့ လေညင်းက
တသုန်သုန် တိုက်ခတ်နေလေရဲ့
ငါ့ခန္တာကိုယ်ပေါ့ မှာလည်း
နှင်းမြူတွေ ဖုံးလွမ်းနေပီ
အဖြူရောင်
ပ၀ါပါးပါးလေ လွမ်းခြုံထားသလို
ဖြစ်ပေါနေခဲ့တယ်။

''ဒီဇင်ဘာ (၂)ရက်

ခါတိုင်းလို မထူးခြားတဲ့
နေ့တစ်နေ့ပါပဲ
အရမ်းကို အေးစက်နေတဲ့
ဒီလိုရာသီမျိုးမှာ
အပြင်ထွက်ပီး ဘယ်လူမပြောနဲ့
ဘယ်သတ္တ၀ါမှ ငါ့ခန္တာကိုယ်ပေါ
တက်ထိုင်ချင်မှာ
မဟုပ်ဖူးလေ.......!!
ဒီလိုနဲ့
ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့
ဆောင်းဦးရဲ့ သမီးပျိုကို
အံတု ရင်ဆိုင်းရင်း ကုန်ဆုံးခဲ့ပြန်တယ်။

''ဒီဇင်ဘာ (၃)ရက်

ငါ့မျက်လုံးတွေ အရမ်းကို
ေ၀၀ါးနေပီး
ပတ်ဝန်းကျင် တစ်ခုလုံးကို
မုံဝါးဝါးပဲ မြင်နိုင်စွမ်း ရှီတော့တယ်
ခန္တာကိုယ်တွေလည်း
ကိုက်ခဲနေပီး
ငါ့ကိုယ်ငါ မပိုင်တော့သလိုပဲ
အသက်ရူလိုက်တိုင်း
ရင်ဘတ်ထဲကို ၀င်ရောက်လာတဲ့
အေးစက်တဲ့ လေထုကြောင့်
နှလုံးခုံသံတွေလည်း
သိပ်ပီးမမှန်ချင်တော့ဘူး
သေချာတယ် ဒီရာသီ၊ ဒီဆောင်းကို
ငါရင်မဆိုင်နိုင်တော့ဘူး ဆိုတာ..^^

''ဒီဇင်ဘာ (၄)ရက်

သေခါနီး လူတစ်ယောက်လိုပဲ
ဂယောင်ဂတန်းတွေ
ငါပြောနေမိတယ်
ဒီအချိန် ငါ့အတွက်လိုအပ်နေတာ
တစ်စုံတစ်ယောက်ရဲ့ အနွေးဓါတ်လေ
အသိတွေ လွတ်တစ်ချက်
မလွတ်တစ်ချက် ကြားကနေ
မွတ်သိပ်စွာ ငါဆုတောင်းနေမိတယ်
တစ်ယောက်ယောက် ငါ့ကိုယ်ပေါ
လာထိုင်ပါစေလို့ ဒီအချိန်
ပတ်ဝန်းကျင်ကလည်း ပိုပီးအေးစက်လာတယ်
တစ်ချက်တစ်ချက် သစ်ပင်ပေါက
ကျလာတဲ့ နှင်းစက်တွေက
ငါ့ခန္တာကိုယ်ကို ဖဲ့ယူနေသလို
ခံစားနေရတယ်
အမြင်အာရုံတွေ ပိုပီးမုံဝါးလာတယ်
ရင်မှာ အကြောက်တရားက
ကြီးစိုးလာတယ်
ဘုရားဘုရား ငါတကယ်သွားရတော့မှာပါလား
မုံဝါးဝါးအမြင်အာရုံတွေကြားက
ဘုရားရှင်ကို တ ရင်း
တစ်စုံတစ်ယောက် ငါ့ခန္တာကိုယ်ကို
ပွတ်သတ်နေသလို နူးညံ့တဲ့
အတွေ့တစ်ခု ခံစားလာမိတယ်
သေချာတယ် တစ်ယောက်ယောက်
ငါ့ကိုယ်ပေါက နှင်းစက်တွေကို
ဖယ်ချပေးနေပီဆိုတာ
ကြည့်စမ်း.....
ဒါအိမ်မက်လားကွယ်
ဒါမှမဟုပ် ငါများ
ဂယောင်ဂတန်းနဲ့ စိတ်ကူးယဉ်နေတာလား
^^ ထိုင်ခုံလေးကို^^
သနားလို့ တစ်ယောက်ယောက်က
ကူညီနေတာများလား
အရမ်းကို သိချင်စမ်းလှပါဘိကွယ်....!!



Thursday, December 19, 2013

Monday, December 09, 2013

ကိုရီးယားဇတ်ကားများ

ကိုရီးယား drama ဇတ်ကားတွေကြည့်ချင်ရင်တော့ ဒီဆိုဒ်လေးက်ု လက်မလွတ်သင့်ဘူးနော်


ဆိုက်လိပ်စာက ဒီမှာပါ>> ကိုရီးယား drama ဇတ်ကားများ

Thursday, December 05, 2013

me


me


me


me


me


me


me


me


me


me


my friend and me


Sunday, December 01, 2013

မြန်မာ FLASH သီချင်းများ

အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် "မ"အတွက်သီချင်း ပြန်လာပါ ကော်ရုပ်လေး လွမ်းဆွတ်ခွင့်

           ချစ်သူ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ

နင်မသွားခင် နှမြောတယ် အလွမ်းဝင်္ကပါ မ မရှီတဲ့နေ့ရက်များ ကဗျာမမီတဲ့အချစ် မိုးသည်းချိန်မှာ

           နောက်ဆုံးပေါ့ မုန်းဖို့လွယ်တယ် မေ့ဖို့ခက်တယ် သံစဉ်နဲ့ချော့သိပ်ခွင့် သူလေး

သိမ်းထားခွင့် ရိုးမြေကျ မင်းရှီရင် ဆု..ထံသို့ နုတ်ဆက်သီချင်း ကောင်းကင်က အချစ်ငှက် ပြုံးလိုက်ပါ

          ကမ္ဘာပျက်နေ့ ဖက်ထားမယ် တချိန်က "မ'' မမကောင်လေး ရိုးရာ တမ်းတခြင်း-Oakkar

ဆုံဆည်းခွင့်ရိုးရာ တကယ့်ပုံပြင်-ရိုးရာ မိုး အမြဲရှီနေပါ ကောင်မလေး...သို့ အချစ်ရူးလေး

          အချစ်အိမ်မက်လေး ညီမလေးအတွက် baby girl တော်ပြီနောက့် အိမ်မက်ထဲကလူ

အဖြူရောင်သူငယ်ချင်း ငါနဲ့မင်း အဖြည့်ခံ မိုးဘယ်မှာရွာနေလည်း ချစ်တယ်ဟုပ် ပြော သနပ်ခါး

          l.o.v.e(kg ma lay) အရင်ကဇတ်လမ်း လွမ်းနေပြီ အလွမ်း ရှင်းပြခွင့်ပေးပါ မိုး

အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ်

          ငါ့နေရာ Baby Never say never Radio ပေးခဲ့တဲ့အလွမ်း ပတ်သက်ခွင့်ပြုပါ ကမ္ဘာငယ်လေး

မသိချင်ယောင်ဆောင် မျက်နှာလွဲ ခိုနားရာ ကောင်ကလေးက ကောင်မလေးကို ထာဝရပတ်သက်ခွင့်ပြုပါ

          အမည်မသိသီချင်း လရောင်ဝေး ဒီကောင်မလေးအတွက် ရိုမီယို&ဂျူးလိယက် ကောင်မလေး

တစ်ခါပဲချစ်ချင်လို့ သီချင်းလေးထဲကမင်းကို အဆင်ပြေပါစေကွယ် တစ်မိုးအောက် သစ္စာတရား

         လွမ်းတော့ပြန်လာပါ မြဲစေသား တကယ်ဆိုရင် အချစ်အိမ်မက်လေး မီးအိမ်ရှင် ဖန်သားနန်းတော်

ချစ်သူသိပါစေ အသဲကွဲ ဒီဇင်ဘာ မျော်လင့်ခြင်းမနက်ဖြန် မျောက်ဖြစ်ချင်တယ် ဖတ်သိမ်းခန်း ဖြူ

         ငါ့ရင်ခွင်ကိုပြော လမ်းကြုံရင်ပြောပေးကြပါ အသိုင်းအသိုင်း လွမ်းနေပြီ မင်းကိုသတိရရင်

လက်ခံပေးပါ ဘာကြောင်းကြောင့် မျော်လင့်ချက် လမ်းမကြီးရဲ့ဘေး ၀အောင်ငိုလိုက်မယ် ကြိုစေချင်တယ်

         ငါ့နေရာ အဆုံးသတ်ချိန် ဆူးကင်းသောလက် စဉ်းစားပါ နှင်းမဲ့ဆောင်း အချစ်တဲ့လား ရှီနေမယ်

ဒီဇင်ဘာည အဖြူရောင်သူငယ်ချင်း ကောင်မလေး ဘွဲ့ စလုံးကချစ်သူ

Monday, November 25, 2013

video slideshow လုပ်ချင်သူများအတွက်

ကိုယ့်ရဲ့ image လေးတွေကို video slideshow လုပ်ချင်ရင်တော့ ဒီ sofware လေးသုံးကြည့်ပါလား


ဒေါင်းလော့ link ကဒီမှာပါ >>http://www70.zippyshare.com/v/32941277/file.html

Thursday, November 21, 2013

TIME

ရင်းနှီးမြုတ်နှံမူ့တွေထဲမှာ

ဆုံးရူံးမူ့အကြီးမားဆုံးက

ငွေကြေး

ဥစ္စာပစ္စည်း

အခြွေအရံ

ရာထူးဂုဏ်ရှိန်တွေထက်

ဘာဆိုဘာမှမသိလိုက်ရပဲ

ကုန်ဆုံးသွားတဲ့ "အချိန်ကာလ" ဖြစ်မယ်ထင်တယ်။


Wednesday, November 06, 2013

Sunday, November 03, 2013

ချစ်သူ သို့

ကောင်မလေးရေ..

လိုအပ်ချက်များစွာ

ဘ၀ မှာ

ရှီနေပေမဲ့

နင်

ငါ့နဘေးနား

အမြဲတမ်းရှီနေပေးမယ်ဆိုရင်

အရာရာအဆင်ပြေပါတယ် ချစ်သူ
                                 
                                                     

ချစ်သူ သိပါစေ


သူ့..

ကိုသတိရကြောင်း

ရေးထားတဲ့စာလေး

သူအဘယ်အချိန်လာဖတ်မလည်း

ဆိုတဲ့အတွေးက

ကျွန်တော့်ကို အမြဲတမ်း

နွေးထွေးနုပျိုစေသလိုပဲ။

                                     

Friday, October 18, 2013

တရုတ်၊ကိုရီးယား ဇတ်ကားများ

မြန်မာစာတန်းထိုး ဇတ်လမ်းကြည့်ချင်ရင်တော့ ဒီဆိုဒ်လေးမှာ သွားကြည့်လို့ ရတယ်နော်


ဆိုဒ်လိပ်စာက ဒီမှာပါ>>   http://www.myanmarsubtitlemovie.com/index.php

Sunday, September 29, 2013

ဝင်းကမ္ဘာကျော် {Full Version & Free Download}: MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသိ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသိ...: မြန်မာနိုင်ငံကနေ pay pal အကောင့်တွေဖွင့်ပြီး ပိုက်ဆံကို မြန်မာငွေအနေနဲ့ဘယ်လိုပြန်ထုတ်မလဲ ဆိုတာကိုမေးထားတဲ့ အစ်ကိုတွေအတွက်ပါ။ ကျွန်တော်တိ...

Sunday, September 08, 2013

ဒါကို စိတ်ဝင်စားနေတာကြာလှပီ ခုမှပဲတွေ့တော့တယ်

Welcome To Myanmar IT Helper: အင်တာနက်မှာ မိနစ် 20 အချိန်ပေးပြီးငွေရှာနည်း နှင့်...: မင်္ဂလာပါခင်မျာ..ကျနော် အရင်တစ်လောကဘဲ Nerdbux ကနေတစ်ကယ်ငွေထုတ်လို့ရခဲ့တဲ့အတွက် ပုံနှင့် တကွ အားလုံးကိုတင်ပြခဲ့ပြီပါပြီ ဒီကနေ့ မနက် 1 နာရီ ...

Wednesday, September 04, 2013

ချစ်သူသို့


ချစ်ရတဲ့ ကောင်မလေးရေ...!

ဒီဇင်ဘာမှာ တွေ့ကြဖို့

ကိုယ်တို့တွေ ဂတိပြုထားခဲ့ကြပေမဲ့

ခုချိန် ကိုယ့်ရဲ့ကံကြမ္မာက

မရေရာဘူးဖြစ်နေတယ်ကွယ်

 ချစ်သူလက်ကို ဆွဲပီး

အိမ်ပြန်ခွင့် ရချင်ပေမဲ့

ဒီနိုင်ငံရဲ့ ပြောင်းလည်းနေတဲ့

အခြေနေဆိုးတွေထဲမှာ

ကိုယ်တို့မျော်လင့်ချက်တွေ

သေဆုံးရတော့မယ် ထင်ပါရဲ့.....!!!!


Wednesday, August 28, 2013

"မာယာများတဲ့ ပင်လယ်"


ဝမ်းရေး အတွက်
ချစ်တဲ့အမိမြေကို စွန့်ခွာခဲ့ရတယ်

ရင်မှာ မျော်လင့်ချက်
ရွက်လှေကြီးနဲ့ပေါ့....!

ဒီလိုနဲ့...
အတ္တကြီးတဲ့

မြို့ပြရဲ့ အစိမ်းရောင် ပင်လယ်
အဟောင်းကြီးထဲမှာ

ငါ့တက်ကို အနိုင်နိုင် ထိန်းရင်း
အချိန်ကာလ တချို့ကို
မောင်းနှင်းလာခဲ့တယ်။

စုတ်ပြတ်ပျက်စီးနေတဲ့
ငါ့ ခြံစီးရိုးတွေ ကာရံနိုင်ဖို့လေ။

ချိုမြိန်တဲ့ မနက်ခင်းတွေကို
စားသုံးဖူးသလို မှောင်မိုက်တဲ့

ညတွေကိုလည်း ပွေ့ဖက်ဖူးပါရဲ့
ခုတော့.....!!

အိုမင်းလာတဲ့ သက္ကရာဇ်တွေနဲ့အတူ
သူရဲ့ အကြောင်းကို ငါအနည်းငယ်

သိခွင့်ရှီလာတယ်။
(ပင်လယ် ဆိုတာ အရမ်းကို မာယာများတယ်နော်)

Sunday, August 25, 2013

ဖတ်ခဲ့ဖူးသော စာများ


တစ်ခုသော မနက်ခင်းမှာ အဖေက ကျမကို ကျမတို့ နေထိုင်တဲ့ မြို့လေးရဲ့ လမ်းဆုံလမ်းခွကို အပေါဆီးက မြင်နိုင်တဲ့ နေရာလေးဆီ ခေါဆောင်သွားလေသည်။
အဲ့ဒီ့နေရာလေးမှာ အဖေက ကျမကို စကားတစ်ခွန်းပြောခဲ့သည်။
ကျမဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ စကား
အခက်အခဲတွေ ရင်ဆိုင်ရတိုင်း အဲ့ဒီင့်္စကားတစ်ခွန်းကြောင့် ကျမ အကြိမ်ကြိမ် ကျော်ဖြတ်နိုင်ခဲ့သည်။
နောင် ဖြတ်သန်းရတဲ့ ဘ၀တလျှာက်လုံးမှာလည်း ဒီစကားက အများကြီး အထောက်အကူပြုတယ်ဆိုတာ ၀န်ခံလိုက်ပါရစေ.
အဖေက အဲ့ဒီ့နေရာလေးမှာ
သမီး လမ်းဆုံလမ်းခွကို မြင်ရဲ့လား? ဟုပ်မြင်ပါတယ် ဖေဖေ
အဲ့ဒီ့ လမ်းဆုံကို ရောက်ဖို့ လမ်းဟာ တစ်လမ်းပဲ ရှီတာလား?
မဟုပ်ပါဘူး ဖေဖေ
တကယ်လို့ လမ်းဆုံကို ရောက်ဖို့ ဒီလမ်းက ပိတ်နေတယ်ဆို နောက်လမ်းသစ်တစ်ခုကကော သွားလို့ မရနိုင်ဘူးလား?
ရနိုင်ပါတယ် ဖေဖေ
အေး အဲ့လိုပဲ သမီးဘ၀မှာလည်း အခက်အခဲတွေ ရင်ဆိုင်ရတိုင်း
လမ်းကြောင်းဟာ တစ်ခုတည်းရှီတာမဟုပ်ပါဘူး ဒီလမ်းက အဆင်မပြေဘူးဆို နောက်လမ်းသစ်တစ်ခုကနေ စဉ်းစားလုပ်ကိုင်လို့ ရတယ် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
ဟုပ်ကဲ့ အယ်လဆာ ရှီယာပရယ်လီ ဆိုတဲ့ ကောင်မလေးကို သူ့အဖေက ပြောခဲ့တဲ့စကားပါ 1896_1973 ခုနှစ်တွေတုန်းက ကမ္ဘာ့ဖက်ရှင်လောကမှာ မသိသူမရှီလောက်အောင် သူ့ရဲ့ဖက်ရှင် ဒီဇိုင်းတွေက အရမ်းကို ခတ်စားခဲ့တာပါ။
သင့်ဘ၀မှာလည်း အခက်အခဲတွေ ရင်ဆိုင်ရတိုင်း စဉ်းစားတွေဝေ စိတ်ပျက်မနေပါနဲ့ နောက်ထပ်နည်းလမ်းသစ်တွေ ရှာကြံပီး ကြိုးစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ.

မူရင်းဘာသာပြန်သူရဲ့စာကို ကျနော့စိတ်ကူးနဲ့ တတ်သလောက် ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်
                                                                                 
<<ငှက်ငယ်>>

Friday, August 16, 2013

အတိတ်တချို့ရဲ့ ငိုကြွေးသံ


ကြွေချိန်တန်လို့
ကြွေကျသွားပေမဲ့..

ဘယ်တော့မှ မမေ့ပါဘူး ....!
ရာသီတွေပြောင်း

နှစ်တွေ ဟောင်းနွမ်းလို့လာလည်း
(......)ရေ ကျနော့ရင်ထဲက

ချစ်ခြင်းတွေ ဘယ်တော့မှ 
မဟောင်းနွမ်းဘူးဆိုတာ ယုံကြည်ပေးပါ

ဟိုး....အဝေး
နယ်မြေသစ်ဆီ စောစီးစွာ

ရွက်လွင့်သွားတဲ့
ဘ၀မှာ အချစ်ရဆုံး၊ယုံကြည်ရဆုံး၊

(......)ကို
ဒီဘ၀ တင်မဟုပ်ဖူး

နောင် ဘ၀ဆက်ဆက်တိုင် ဆုံဆည်းခွင့်
ရရပါစေလို့ ကျနောတောင်းဆုပြုပါတယ်

ချစ်သော(.....)ကြားနိုင်ပါစေ..
                         
                         **ငှက်ငယ်**

Sunday, August 11, 2013

ရှီတာအကုန်ပေးတာတောင် လုပ်ရက်တယ်နော် အော်...... မိန်းမ မိန်းမ မရှီမကောင်း ရှီမကောင်းပါလား ဂျ

Thursday, August 08, 2013

မိုဘိုင်း မျိုးစုံကို root လုပ်နည်းစာအုပ်လေးပါ..တောတောလေး စုံလင်ပါတယ် ဖတ်ထားတော့ ကိုယ့်ဟာကို လုပ်နိုင်တာပေါ့ဗျာ...

ဒီမှာပါhttp://www.mediafire.com/download

Monday, August 05, 2013

Wednesday, July 24, 2013

ဒါလေးကတော့ ဖတ်သင့်တဲ့ စာအုပ်ဆိုတာထက် မဖြစ်မနေ ဖတ်ပေးရမဲ့ စာအုပ်ဆို ပိုပီးမှန်ပါတယ်.

ဒီမှာဖတ်လိုက်ပါhttp://goo.gl/yIY1Xm

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Online တွင် ခင်မင်ကြရာဝယ် (သတိထားရန်)

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Online တွင် ခင်မင်ကြရာဝယ် (သတိထားရန်):     Online တွင် ခင်မင်ကြ ရာဝယ် သတိထားရန် .. ယခုလို တိုးတက်လာတဲ့ခေတ်ကာလကြီးမှာ... အင်တာနက်ဆိုတာကို ယခင်က လူတန်းစား တစ်ရပ် ပဲ သံ...
ဒီစာအုပ်လေးဟာ တကယ့်ရှားပါးစာအုပ်လေးဆိုလည်း မမှားပါဘူး..အပြင်မှာဝယ်ရင် ဈေးကြီးပေးဝယ်ရသာထား ဘယ်မှာဝယ်ရမှန်းမသိဖြစ်နေမှာ ..ဘ၀မှာ တိုးတက်ရာ တိုးတက်ကြောင်းရှာနေတဲ့ လူငယ်တွေအတွက် ဆောင်ထားသင့်တဲ့ စာအုပ်ပါ..အခက်အခဲတစ်ခုဖြစ်လာရင် ဒီစာအုပ်လေးဖတ်လိုက်တာနဲ့ အဲ့ဒီ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်စိတ်ရှီလာမယ်ဆိုတာတော့ ဖတ်ကြည့်တာနဲ့ သိမှာပါ..အပိုမပြောဘူး လိုရင်းသာပြောတယ်ဆိုတာ သိဖို့ သူငယ်ချင်းတို့ရေ အောက်က link မှာဒေါင်းလိုက်ကြနော်...မြန်မာစာအုပ်များစုစည်းမူ့ ဆိုတဲ့ ဘလော့လေးကနေယူလာတာပါ..ဘ၀မှာအောင်မြင်တိုးတက်တဲ့ လူချွန်လူကောင်းများဖြစ်နိုင်ကြပါစေဗျာ..

Tuesday, July 23, 2013

ဗေဒင် ချစ်သူတွေ အတွက်ပါ ခင်ဗျာ..
အကို မိုးကောင်းကင် ဖောင်းပြင်ဆီက ယူလာတာပါ..
သဘောကြရင်တော့ အောက်က link လေးမှာ သွားယူနိုင်ပါတယ်


facebook
အသုံးပြုနည်း စာအုပ်လေးပါ ခင်ဗျာ အကို မိုးကောင်းကင် ဖောင်းပြင်ဆီက ယူလာတာပါ
ကျနောလဲ ဒီစာအုပ်လေး ဖတ်ပီး fb ကိုနည်းနည်းပါးပါး သုံးတတ်တာပါ
သဘောကြရင်တော့ အောက်က link လေးမှာ သွားယူနိုင်ပါတယ်..


ဒီမှာပါhttp://www.mediafire.com/download

လွန်ခဲ့တဲ့ ၂ နှစ်ခွဲကျော်ကျော်လောက်ကကျနောအင်တာနက်ကို စသုံးတော့ ဖုန်းလေးနဲ့ပါ အဲ့တုန်းက သုံးတဲ့ browser လေးကို ပြချင်လို့ပါ ဖုန်းတွေနဲ့သုံးရင် ကျနောကတော့ ဒီ opera mini ဆိုတဲ့ browser လေးကို firefox ထက်ပိုကြိုကိတယ်..သုံးရတာ ပိုအဆင်ပြေတယ်..ပီးတော့ ကျနော့ စိတ်ထင် ဒီကောင်လေးက connection ထိုက်သင့်သလောက်ဆို ရပီဗျ. firefoxကတောင် ကြာသေးတယ်..ခုဒီ browserလေးက ကိုပေါက်ဆီက ယူလာတာပါ..play store မှာ ယူလို့မရတဲ့သူတွေ အတွက်ပါ.android version 2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်တဲ့ ခင်ဗျ. လိုချင်ရင်တော့ ဒေါင်းလိုက်နော်..http://www.mediafire.com/download/876xsh3s5bpkcc7/Opera_browser_www.itstudier.blogspot.com.apk

Thursday, July 18, 2013

Sunday, June 30, 2013

ကြယ်လေး သိစေဖို့


အဆင်မပြေမူ့တွေ
ဘယ်လောက်များများ

ချစ်သူအကြောင်း စဉ်းစားလိုက်တိုင်းး
အရာအားလုံး လှပနေသလိုပါပဲ

မနက်ဖန်တိုင်းအတွက် သူမ ဟာ...!!
ကျနော့အတွက်တော့

လမ်းပြကြယ်လေး တစ်ခုပါ၊
 ကြယ်လေးရဲ့ အလင်းရောင်ဟာ

ကမ္ဘမြေကြီးတစ်ခုလုံးအတွက် မပေးစွမ်းနိုင်ပေမဲ့
 ကျနော့ဘ၀အတွက်တော့

သူ့ရဲ့အလင်းက ပိုလျှံနေပါသေးတယ်။
ချစ်သူကြယ်လေးရေ..

မင်းနဲ့ကိုဟာ ဟိုးအဝေးကြီးမှာနေပေမဲ့
မင်းရဲ့အလင်းတစ်စက်ဟာ

ကိုရဲ့ဆေးချက်တွေကို
ပိုပီးတောက်ပစေတယ် ဆိုတာ

ချစ်သူကြယ်လေး သိစေချင်တယ်ကွယ်..!
                             
 ^^ကြယ်လေးရဲ့ငှက်ငယ်^^
                                       
                                                                 

နှင်းတွေကြည့်ရင်း ချစ်သူကို အရမ်းသတိရနေတယ်