ဘလော့လေးဆီ မျက်စိလည် လမ်းမှားပီး လာရောက်ကြတဲ့ သူငယ်ချင်းများအားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆန္ဒပြုလျက်.. **ငှက်ငယ်**

Sunday, August 25, 2013

ဖတ်ခဲ့ဖူးသော စာများ


တစ်ခုသော မနက်ခင်းမှာ အဖေက ကျမကို ကျမတို့ နေထိုင်တဲ့ မြို့လေးရဲ့ လမ်းဆုံလမ်းခွကို အပေါဆီးက မြင်နိုင်တဲ့ နေရာလေးဆီ ခေါဆောင်သွားလေသည်။
အဲ့ဒီ့နေရာလေးမှာ အဖေက ကျမကို စကားတစ်ခွန်းပြောခဲ့သည်။
ကျမဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ စကား
အခက်အခဲတွေ ရင်ဆိုင်ရတိုင်း အဲ့ဒီင့်္စကားတစ်ခွန်းကြောင့် ကျမ အကြိမ်ကြိမ် ကျော်ဖြတ်နိုင်ခဲ့သည်။
နောင် ဖြတ်သန်းရတဲ့ ဘ၀တလျှာက်လုံးမှာလည်း ဒီစကားက အများကြီး အထောက်အကူပြုတယ်ဆိုတာ ၀န်ခံလိုက်ပါရစေ.
အဖေက အဲ့ဒီ့နေရာလေးမှာ
သမီး လမ်းဆုံလမ်းခွကို မြင်ရဲ့လား? ဟုပ်မြင်ပါတယ် ဖေဖေ
အဲ့ဒီ့ လမ်းဆုံကို ရောက်ဖို့ လမ်းဟာ တစ်လမ်းပဲ ရှီတာလား?
မဟုပ်ပါဘူး ဖေဖေ
တကယ်လို့ လမ်းဆုံကို ရောက်ဖို့ ဒီလမ်းက ပိတ်နေတယ်ဆို နောက်လမ်းသစ်တစ်ခုကကော သွားလို့ မရနိုင်ဘူးလား?
ရနိုင်ပါတယ် ဖေဖေ
အေး အဲ့လိုပဲ သမီးဘ၀မှာလည်း အခက်အခဲတွေ ရင်ဆိုင်ရတိုင်း
လမ်းကြောင်းဟာ တစ်ခုတည်းရှီတာမဟုပ်ပါဘူး ဒီလမ်းက အဆင်မပြေဘူးဆို နောက်လမ်းသစ်တစ်ခုကနေ စဉ်းစားလုပ်ကိုင်လို့ ရတယ် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
ဟုပ်ကဲ့ အယ်လဆာ ရှီယာပရယ်လီ ဆိုတဲ့ ကောင်မလေးကို သူ့အဖေက ပြောခဲ့တဲ့စကားပါ 1896_1973 ခုနှစ်တွေတုန်းက ကမ္ဘာ့ဖက်ရှင်လောကမှာ မသိသူမရှီလောက်အောင် သူ့ရဲ့ဖက်ရှင် ဒီဇိုင်းတွေက အရမ်းကို ခတ်စားခဲ့တာပါ။
သင့်ဘ၀မှာလည်း အခက်အခဲတွေ ရင်ဆိုင်ရတိုင်း စဉ်းစားတွေဝေ စိတ်ပျက်မနေပါနဲ့ နောက်ထပ်နည်းလမ်းသစ်တွေ ရှာကြံပီး ကြိုးစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ.

မူရင်းဘာသာပြန်သူရဲ့စာကို ကျနော့စိတ်ကူးနဲ့ တတ်သလောက် ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်
                                                                                 
<<ငှက်ငယ်>>

No comments:

Post a Comment