ဘလော့လေးဆီ မျက်စိလည် လမ်းမှားပီး လာရောက်ကြတဲ့ သူငယ်ချင်းများအားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆန္ဒပြုလျက်.. **ငှက်ငယ်**

Friday, December 27, 2013

ဒီဇင်ဘာရဲ့ ထိုင်ခုံလေး


''ဒီဇင်ဘာ (၁)ရက်

အဲ့ဒီ့နေ့က
နှင်းဖွဲလေးတွေ ကျဆင်းနေခဲ့တယ်
ပတ်ဝန်းကျင် တစ်ခုလုံး
နှင်းမြူတွေ အုပ်ဆိုင်းနေပီး
အေးစက်တဲ့ လေညင်းက
တသုန်သုန် တိုက်ခတ်နေလေရဲ့
ငါ့ခန္တာကိုယ်ပေါ့ မှာလည်း
နှင်းမြူတွေ ဖုံးလွမ်းနေပီ
အဖြူရောင်
ပ၀ါပါးပါးလေ လွမ်းခြုံထားသလို
ဖြစ်ပေါနေခဲ့တယ်။

''ဒီဇင်ဘာ (၂)ရက်

ခါတိုင်းလို မထူးခြားတဲ့
နေ့တစ်နေ့ပါပဲ
အရမ်းကို အေးစက်နေတဲ့
ဒီလိုရာသီမျိုးမှာ
အပြင်ထွက်ပီး ဘယ်လူမပြောနဲ့
ဘယ်သတ္တ၀ါမှ ငါ့ခန္တာကိုယ်ပေါ
တက်ထိုင်ချင်မှာ
မဟုပ်ဖူးလေ.......!!
ဒီလိုနဲ့
ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့
ဆောင်းဦးရဲ့ သမီးပျိုကို
အံတု ရင်ဆိုင်းရင်း ကုန်ဆုံးခဲ့ပြန်တယ်။

''ဒီဇင်ဘာ (၃)ရက်

ငါ့မျက်လုံးတွေ အရမ်းကို
ေ၀၀ါးနေပီး
ပတ်ဝန်းကျင် တစ်ခုလုံးကို
မုံဝါးဝါးပဲ မြင်နိုင်စွမ်း ရှီတော့တယ်
ခန္တာကိုယ်တွေလည်း
ကိုက်ခဲနေပီး
ငါ့ကိုယ်ငါ မပိုင်တော့သလိုပဲ
အသက်ရူလိုက်တိုင်း
ရင်ဘတ်ထဲကို ၀င်ရောက်လာတဲ့
အေးစက်တဲ့ လေထုကြောင့်
နှလုံးခုံသံတွေလည်း
သိပ်ပီးမမှန်ချင်တော့ဘူး
သေချာတယ် ဒီရာသီ၊ ဒီဆောင်းကို
ငါရင်မဆိုင်နိုင်တော့ဘူး ဆိုတာ..^^

''ဒီဇင်ဘာ (၄)ရက်

သေခါနီး လူတစ်ယောက်လိုပဲ
ဂယောင်ဂတန်းတွေ
ငါပြောနေမိတယ်
ဒီအချိန် ငါ့အတွက်လိုအပ်နေတာ
တစ်စုံတစ်ယောက်ရဲ့ အနွေးဓါတ်လေ
အသိတွေ လွတ်တစ်ချက်
မလွတ်တစ်ချက် ကြားကနေ
မွတ်သိပ်စွာ ငါဆုတောင်းနေမိတယ်
တစ်ယောက်ယောက် ငါ့ကိုယ်ပေါ
လာထိုင်ပါစေလို့ ဒီအချိန်
ပတ်ဝန်းကျင်ကလည်း ပိုပီးအေးစက်လာတယ်
တစ်ချက်တစ်ချက် သစ်ပင်ပေါက
ကျလာတဲ့ နှင်းစက်တွေက
ငါ့ခန္တာကိုယ်ကို ဖဲ့ယူနေသလို
ခံစားနေရတယ်
အမြင်အာရုံတွေ ပိုပီးမုံဝါးလာတယ်
ရင်မှာ အကြောက်တရားက
ကြီးစိုးလာတယ်
ဘုရားဘုရား ငါတကယ်သွားရတော့မှာပါလား
မုံဝါးဝါးအမြင်အာရုံတွေကြားက
ဘုရားရှင်ကို တ ရင်း
တစ်စုံတစ်ယောက် ငါ့ခန္တာကိုယ်ကို
ပွတ်သတ်နေသလို နူးညံ့တဲ့
အတွေ့တစ်ခု ခံစားလာမိတယ်
သေချာတယ် တစ်ယောက်ယောက်
ငါ့ကိုယ်ပေါက နှင်းစက်တွေကို
ဖယ်ချပေးနေပီဆိုတာ
ကြည့်စမ်း.....
ဒါအိမ်မက်လားကွယ်
ဒါမှမဟုပ် ငါများ
ဂယောင်ဂတန်းနဲ့ စိတ်ကူးယဉ်နေတာလား
^^ ထိုင်ခုံလေးကို^^
သနားလို့ တစ်ယောက်ယောက်က
ကူညီနေတာများလား
အရမ်းကို သိချင်စမ်းလှပါဘိကွယ်....!!



No comments:

Post a Comment